ငါးအမှုန့်ကြိတ်စက်ရုံလုပ်ငန်း

ထူးထူးတိုးအပြည်ပြည်ဆိုင်ရာကုမ္ပ္ပ္ပဏီလီမိတက်၊ ငါးအမှုန့်ကြိတ်စက်ရုံလုပ်ငန်းကို (၂၉.၁၂.၂၀၀၄)ရက်နေ့တွင် မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်သွင်းခဲ့ပြီး စက်မှုမှတ်ပုံတင်အမှတ်၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်၊ တန/ကြီး/၁၂၃ ဖြင့် တနေ့တန်( ၂၀ )ကျငါးအမှုန့်ကြိတ်စက်ရုံလုပ်ငန်းကို တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်စက်မှုဇုန်၌ စတင်လည်ပတ်လုပ်ကိုင်ခဲ့ပြီး (၃၀.၆. ၂၀၁၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်သွင်းပြီး စက်မှု မှတ်ပုံတင်အမှတ်၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်၊ တန/ကြီး/၁၉၃ (၈၅)တန်ကျ ငါးအမှုန့်ကြိတ် စက်ရုံလုပ်ငန်းအဖြစ် ထပ်မံတိုးချဲ့လုပ်ကိုင်ခဲ့သည်။

စက်မှုုကုန်ကြမ်းရရှိမှုအနေဖြင့် ထူးထူးတိုးအပြည်ပြည်ဆိုင်ရာကုမ္ပ္ပ္ပဏီအုပ်စုဝင် ငါးဖမ်းရေယာဉ်များမှ အဓိက ကုန်ကြမ်းဖြစ်သော ပါကေးငါး(ကုန်ကြမ်း)များကို ရရှိပြီး ဒေသတွင်းငါးဖမ်းစက်လှေငယ်များမှလည်း ဝယ်ယူပြီး ငါးအမှုန့် ကြိတ်စက်ရုံတွင် အမှုန့်ကြိတ်ကာ ရရှိလာသော ငါးအသားမှုန့်ကုန်ချောများကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ပြည်တွင်းစျေးကွက်များမှ တစ်ဆင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချပါသည်။

အနံ့အသက်နှင့်စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲမှု

ငါးပေါင်းအိုးမှ ပေါင်းငွေ့နှင့် အနံ့အသက်များကို စုပ်စက်ဖြင့် စုပ်ယူပါသည်။ ထို့နောက် အနံ့သန့်စင်ကန် အဆင့်ဆင့်သို့ ရေဖြန်းစနစ်ဖြင့် ဝင်ရောက်ဖြတ်သန်းစေပြီးမှ ပြင်ပသို့စွန့်ထုတ်ပါသည်။