ကွန်ကရစ်ဆိပ်ခံတံတား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဆိပ်ကမ်းနယ်နိမိတ််အတွင်းရှိ အင်းလေးမြိုင် စက်မှုဇုန် နယ်မြေအား ကျောထောက်နောက်ခံပြု၍ ထူးထူးတိုးအပြည်ပြည်ဆိုင်ရာကုမ္ပ္ပ္ပဏီလီမိတက်မှ ရေလုပ်ငန်းသုံးရေယာဉ်များ၊ အထွေထွေကုန် စည်ပစ္စည်းများတင်/ချရေယာဉ်များဆိုက်ကပ်အသုံးပြုနိုင်ရန်အတွက် သံကူကွန်ကရစ်ဆိပ်ခံတံတား(၁)စင်းကို ဆောက်လုပ်ဆောင်ရွက်အသုံးပြုလျက်ရှိပါသည်။

တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်များအရ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များ

ရေဆင်းဆိပ်ခံတံတားအမှတ် ၁/၂ တည်ဆောက်ခြင်း

၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေကျပ်(၁၅၀.၀၀)သန်းဖြင့် မြိတ်မြို့၊ ထားဝယ်စုရပ်ကွက် ကမ်းနားမြေပေါ်တွင် ရေဆင်းဆိပ်ခံတံတား(ဆားတံတား) အမှတ်-၁ ကို လည်းကောင်း ၊ ထိုဘဏ္ဍာရေးနှှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေကျပ် (၁၆၀.၀၀)သန်းဖြင့် မြိတ်မြို့၊ ကန်ကြီးရပ်ကွက် ကမ်းနားမြေပေါ်တွင် ရေဆင်းဆိပ်ခံတံတား(သစ်ယာဝတံတား) အမှတ်-၂ ကို လည်းကောင်း ဆောက်လုပ်ပြီးစီးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပါသည်။

ခရီးသည်နားနေဆောင်နှင့်သန့်စင်ခန်းတည်ဆောက်ခြင်းလုပ်ငန်း

ငှင်း ဘဏ္ဍာရေးနှစ်အတွင်းပင်လျှင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်(၅၀.၀၀)သန်းဖြင့် ဆားတံတား၊ သစ်ယာဝတံတား အနီးရှိ ပင်လယ်ပိုင်းကျေးရွာတို့ မှ ခရီးသည်များအသုံးပြုနိုင်ရန် ခရီးသည်နားနေဆောင် နှင့် သန့်စင်ခန်းကို ဆောက်လုပ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရဌာနထံ စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။