ထူးထူးတိုးအပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက် ဥစားကြက်မွေးမြူရေးလုပ်ငန်းကို ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ််တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ကျေးရွာတွင် လုပ်ငန်းစတင် လည်ပတ်ပြီး ကြက်ကြီး၊ ဥစားကြက်(၆၄၀၀၀)ကောင်မွေးမြူ၍ တစ်နေ့ကြက်ဥထွက်ရှိမှုအနေဖြင့် ကြက်ကြီးဥ(၄၂၀၀၀) လုံးနှင့်ကြက်ငယ်ဥ(၁၈၀၀၀)လုံး ထွက်ရှိပြီးတစ်ရက်လျှင် ပျမ်းမျှကြက်ဥအလုံးရေ (၆၀၀၀၀)ခန့်ဖြင့် ဒေသတွင်းဖြန့်ဖြူး ရောင်းချလျက်ရှိပါသည်။ အဆိုပါဥစားကြက်များမှရရှိလာသော စွန့်ပစ္စည်းများကို ဇီဝဓါတ်ငွေ့လောင်စာထုတ်ယူ၍ ရရှိလာသောလျှပ်စစ်ဓါတ်အားများကို ကြက်ခြံအားလုံး လည်ပတ်ရန်အတွက် ပြန်လည်အသုံးချမှုများ ပြုလုပ်လျက်ရှိပါသည်။